Share

Investment

book

OECD ရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာသုံးသပ်ချက် - မြန်မာနိုင်ငံ ၂၀၂၀

ပထမအကြိမ်မူဝါဒသုံးသပ်ချက်ထုတ်ဝေခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ ခြောက်နှစ်တိုင်မှသာ ဒုတိယအကြိမ် OECD ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်ကို ပြုလုပ်နိုင်ခဲ့သော်လည်း ကြားကာလအတွင်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ဆက်စပ်သည့်ကဏ္ဍများတွင် သိသိသာသာ တိုးတက်မှုများ ရှိခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပြုပြင်ပြောင်းလဲရေးမှ အကျိုးအမြတ်ရရှိမှု ကျယ်ပြန့်ထင်ရှားလာစေရေးအတွက်ဖြစ်စေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ရေရှည်တည်တံခိုင်မြဲမှုပန်းတိုင်များ (SDGs) ကို မျှော်ရည်ဆောင်ရွက်သည့် အလုံးစုံသော အထောက်အပံ့ပေးမှုများ ဖွံ့ဖြိုးရေးအတွက်ဖြစ်စေ ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကို စဉ်ဆက်မပြတ်စေဘဲ ပိုမိုနက်ရိုင်းစွာဆောင်ရွက်ရန် လိုအပ်ပါသည်။ ယခု ဒုတိယအကြိမ်သုံးသပ်ချက်တွင် လုပ်သာကိုင်သာရှိသော တာဝန်ယူမှုရှိသော စီးပွားရေးဝန်းကျင်ကို ပြုစုပျိုးထောင်ရေးနှင့် အကျိုးကျေးဇူးကို လူ့အဖွဲ့အစည်းများသို့ ကြီးကြီး မားမား မျှဝေပေးရေးတို့အတွက် ရွေးချယ်ထားသည့် မူဝါဒကဏ္ဍများတွင် ကျန်ရှိနေသေးသော စိန်ခေါ်မှုများကို ဆန်းစစ်ထားပြီး မကြာသေးမီက ရရှိခဲ့သော အောင်မြင်မှုများကို လေ့လာသုံးသပ်ထားပါသည်။ ထိုသို့သုံးသပ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် SDGs များကို ဖော်ဆောင် ရေးနှင့် မြန်မာနိုင်ငံသားများ၏ လူနေမှုဘဝများတိုးတက်ရေးတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် မည်သို့အထောက်အပံ့ပြုနိုင်ပုံနှင့် သက်ရောက်မှုကို အထူးဂရုပြုလေ့လာ ဆန်းစစ်ထားပါသည်။

Published on November 24, 2020Also available in: English